News


ဘားအံတက္ကသိုလ်တွင် Wifi စနစ်ဖြင့် အခမဲ့ အင်တာနက်အသုံးပြုနိုင်


အဆင့်မြင့်ပညာဦးစီးဌာန၏ ညွှန်ကြားချက်အရ ၂၀၁၄ - ခုနှစ် မတ်လ (၁၂) ရက်နေ့မှစတင်ပြီး ကရင်ပြည်နယ် ဘားအံတက္ကသိုလ်တွင် Wifi စနစ်ဖြင့် Internet ကို အခမဲ့အသုံးပြုနိုင်ခဲ့ပါသည်။ Wifi ချိတ်ဆက်အသုံးပြုနိုင်သော Computer/ Mobile Device စုစုပေါင်း အရေအတွက်(၇၀၀) တစ်ပြိုင်တည်း အသုံးပြုနိုင်မည်ဖြစ်သည်။

မူလက IPstar နှင့် Skynet MPS စနစ်နှစ်ခုကို ပူးပေါင်းအသုံးပြုခဲ့သော်လည်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ဇွန်လ (၁၅) ရက်နေ့တွင် ADSL မြန်နှုန်းမြင့် အင်တာနက်စနစ်အား ထပ်မံ တပ်ဆင်ခွင့်ပြုခဲ့သောကြောင့် ပိုမိုမြန်ဆန်စွာ အသုံးပြုနိုင်ပြီ ဖြစ်ပါသည်။

တက္ကသိုလ်ဝင်း တစ်ခုလုံး၏ မည်သည့်နေရာတွင်မဆို Wifi ချိတ်ဆက်နိုင်သော စက်ပစ္စည်းအားလုံးဖြင့် အသုံးပြုနိုင်သည့်အပြင်၊ ၄င်း University of Hpa-an Wifi ကိုချိတ်ဆက်မိသည်နှင့် ဘားအံတက္ကသိုလ်၏ E-Library ကိုလည်း အခမဲ့အသုံးပြုနိုင်မည် ဖြစ်ပါသည်။

E-Library တွင် ဘာသာရပ်ဆိုင်ရာများနှင့် သုတ/ရသ စာအုပ်စုစုပေါင်း ၆၀၀၀၀ ကျော်ကို ဘာသာရပ်ဆိုင်ရာ ဌာနများ၏အကူအညီဖြင့် ထည့်သွင်းတည်ဆောက်ထားပါသည်။ ဘားအံတက္ကသိုလ်အတွင်းတွင် Data Server အဖြစ် တည်ဆောက်ပြီး Wifi Network အတွင်းထည့်သွင်း ချိတ်ဆက်ထားသောကြောင့် မြန်ဆန်ချောမွေ့စွာ ဖတ်ရှုပြီး Download ပြုလုပ် ရယူနိုင်ပါသည်။ E-Library ကို လွယ်ကူစွာ အသုံးပြုနိုင်ရန်အတွက် (Android နှင့် iOS ) နှစ်မျိုးလုံး တွင်အသုံးပြုနိုင်မည့် University of Hpa-an Mobile Application ကိုလည်း Web Master Hpa-an မှ အခမဲ့ ရေးသားထုတ်လုပ် ပေးခဲ့ပါသည်။

ဘားအံတက္ကသိုလ်၏ အခမဲ့ Wifi Internet စနစ်နှင့် E-Library ကို ကျောင်းသား/သူများ အသုံးပြုနိုင်ရန် ခွင့်ပြုမတည်ကူညီပေးခဲ့ကြသော ပါမောက္ခချုပ်နှင့်တကွ ရုံးအဖွဲ့များ၊ အင်ဂျင်နီယာဌာန၊ Skynet MPS ကို လှူဒါန်းခဲ့သော ရွှေသံလွင်မိသားစု၊ ADSL မြန်နှုန်းမြင့် Internet တပ်ဆင်နိုင်ရန် ကြိုးစားဆောင်ရွက်ပေးခဲ့ကြသည့် ကရင်ပြည်နယ် မြန်မာဆက်သွယ်ရေုးလုပ်ငန်းမှ ပြည်နယ်မန်နေဂျာကြီးနှင့် လိုင်းတာဝန်ခံများ အားလုံးကို ကျောင်းသား/သူများ ကိုယ်စား အထူးကျေးဇူးတင်ရှိပါကြောင်းနှင့်
ကျောင်းသား/သူများအပြင် မည်သူမဆို အခမဲ့လာရောက် အသုံးပြုနိုင်ပါကြောင်း အသိပေး ဖိတ်ကြားအပ်ပါသည်။

No comments:

Post a Comment